Header Ads

Seo Services

Hardisk ကို Disk Defragment လုပ်နည်း

Hardisk ကို Disk Defragment လုပ်နည်း
ဒီတစ်ခါမှာတော့ မနေ့က တင်ပေးမယ် ပြောထားတဲ့ Computer Hardisk ကို Defragment လုပ်နည်းတင်ပေးလိုက်ပါတယ်။ အရင်ဆုံး Defragment မလုပ်ခင် Defragment ဆိုတာဘာလဲ ဒီ Tool ကို ဘာအတွက်အသုံးပြုတာလဲ ဘယ်နေရာမှာ အသုံးပြုတာလဲဆိုတာအနည်းကျဉ်လေးရှင်ပြပေးပါမယ်။
Disk Defragmenter Tool ဆိုတာက ကျွန်တော်တို့ Computer Hardisk ကို Defragment ပြုလုပ်တဲ့နေရာမှာ အသုံးပြုတဲ့ Tool တစ်ခုပါ။
Hardisk ကို Disk Defragment လုပ်တယ်ဆိုတာက ကျွန်တော်တို့နေ့စဉ် အသုံးပြုကိုင်တွယ်နေတဲ့ Computer Hardisk ထဲမှာ Programs Error တွေ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ဖယိုဖရဲဖြစ်နေတဲ့ File Folder တွေ Error တွေနဲ့ Bed Sector တွေ Computer မှာSoftware တွေ Install - Uninstall လုပ်တာတွေ Install လုပ်ပြီးသား Software တွေကလည်း ဖွင့်မရတာတွေ အများကြီးပါပဲ ဒီလို Error အများကြီးဖြစ်လာရင် Computer ဟာ လေးလာမယ် တစ်ခုခုဖွင့်လိုက်ရင် ချက်ချင်းပွင့်မလာဘူး ဒီလိုတွေ ဖြစ်လာတတ်ပါတယ်...။
ဒီလို Error တွေကို ဖြေရှင်းပေးနိုင်ဖို့ အတွက် Online ပေါ်မှာ Software တွေ အများကြီးရှိသလို ကျွန်တော်တို့ Computer မှာလည်း Windows တင်ကတည်းက ပါလာတဲ့ ဒီ Disk Defragmenter Tool ဆိုတာရှိပါတယ်..။
ကဲလုပ်နည်း စလိုက်ကြရအောင်
----------------------------------------
ပထမဆုံး ဝင်တဲ့ လမ်းကြောင်းကတော့ မနေ့က တင်လိုက်တဲ့ Disk Cleanup ကို သွားတဲ့ လမ်းကြောင်း အတိုင်းပါပဲ ... ပထမဆုံး My Computer ကိုဖွင့် Drive တစ်ခုပေါ် Right-Click နှိပ်၊ Properties ထဲကိုဝင်လိုက်ပါ Box လေးတစ်ခုပွင့်လာပါလိမ့်မယ် အဲ့ Box ထဲမှာ အပေါ်နားက Tools ဆိုတာကို နှိပ်ဝင်လိုက်ပြီး အဲ့ Box ထဲက Optimize ( Defragment ) ( ဒီနေရာမှာ တစ်ခု ခြားနားသွားတာက ခုကျွန်တော် Windows 8.1 နဲ့ Post ရေးတာမို့ Optimize လို့ရေးလိုက်တာပါ Windows 7 မှာဆိုရင်တော့ Optimize နေရာမှာ Defragment လို့ရေးထားပါလိမ့်မယ် ) ကို နှိပ်ဝင်လိုက်ပါ Disk Defragmenter Tool Box ပွင့်လာပါလိမ့်မယ်..အဲ့ဒီနေရာရောက်ရင် ကျွန်တော် အောက်မှာ တင်ပေးထားတဲ့ ပုံကအတိုင်း Analyze ( Windows မှာဆို Analyze disk ) နဲ့ Optimize ( windows 7 မှာဆို Defragment disk ) အဲ့ ၂ ခု ရယ် ပြီးတော့ Computer မှာ Hardisk ကို ပိုင်းခွဲထားတဲ့ C , D , E , F Name တွေနဲ့ Drive တွေကို မြင်ပါလိမ့်မယ် ... အဲ့ Drive တွေကို Defragment လုပ်ဖို့အတွက် အောက်မှာ ကျွန်တော် အစဉ်အတိုင်းပေးလိုက်ပါမယ် အဲ့အတိုင်းလုပ်သွားပါ.။
၁။ ကိုယ် Defragment လုပ်ချင်တဲ့ Drive ပေါ်ကို Select ပေးထားပါ။
၂။ Analyze ( Windows မှာဆို Analyze disk ) ဆိုတာကို နှိပ်ပေးလိုက်ပါ.. အဲ့ Drive မှာ Error တွေ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ဖယိုဖရဲဖြစ်နေတဲ့ File Folder တွေ Bed Sector တွေ ဘယ်လောက်ရှိတယ်ဆိုတာ ( % ) နဲ့ပြပြီး စစ်နေပါလိမ့်မယ် ခဏ စောင့်နေပေးလိုက်ပါ စစ်တာရပ်သွားရင်..နံပတ်သုံးအတိုင်းဆက်လုပ်လိုက်ပါ။ ( ဒီကောင်ကတော့ နည်းနည်းမြန်ပါတယ် သိပ်မကြာပါဘူး )
၃။ Analyze လုပ်ပြီးလို့ရပ်သွားရင် Optimize ( windows 7 မှာဆို Defragment disk ) ကိုနှိပ်ပေးလိုက်ပါ သူအလုပ်လုပ်နေပါလိမ့်မယ် ဒီကောင်က ဘာလုပ်တာလဲဆိုတော့ အစောက စစ်လိုက်လို့ Error တွေ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့ ဖယိုဖရဲဖြစ်နေတဲ့ File Folder တွေ Bed Sector တွေ ကို ပြန်ပြီးပြုပြင်ပေးတာပါ ( ပြုပြင်ပေးတယ်ဆိုပေမဲ့ အားလုံးတော့ ပြန်မကောင်းနိုင်ပါဘူး ...သူလုပ်နိုင်တာကိုပဲ လုပ်ပေးသွားမှာပါ ... ကြိုပြောထားရတယ် မဟုတ်ရင် Computer ဖြစ်တဲ့ Error တိုင်းကို အလုံးစုံဖြေရှင်းပေးနိုင်တယ် ထင်မှာစိုးလို့ပါ )
အားလုံးပြီးသွားရင်တော့ ဖွင့်ထားတဲ့ Box တွေ အကုန်ပိတ်ပြီးပြန်ထွက်လို့ရပါပြီ ပြီးရင် Computer ကို Restart ချပေးလိုက်ပါ )
ဒီလောက်ဆို Hardisk ကို Disk Defragmenter လုပ်နည်းပြည့်စုံပြီလို့ထင်လောက်ပါတယ်။
Cd နတ်သားလေး
( ဒီ Post - မနေ့ကတင်ခဲ့တဲ့ Disk Cleanup Post နဲ့ ပတ်သက်ပြီး - မှတ်ချက်တစ်ခုရေးချင်တာက... ကျွန်တော်တို့သည် Computer Hardisk ကို Clean ပြုလုပ်ခြင်း Defragment ပြုလုပ်ခြင်းဖြစ်သည့်အတွက် ဒီကောင်တွေပြုလုပ်တော့မည်ဆိုရင် မပြုလုပ်ခင်မှာ ကိုယ့် Computer မှာ ဖွင့်ထားတဲ့ Programs , Folder , File တွေ အကုန်လုံးကို ပိတ်ထားသင့်ပါတယ်။ ဒီ Tools တွေ အသုံးပြုနည်းက အချိန်အနည်းငယ်ပေးရတဲ့ အတွက်ကြောင်း အလုပ်လုပ်နေတဲ့ အချိန်အသုံးမပြုတာ ကောင်းပါတယ် စက်ကို အနားပေးတော့မယ့် အချိန်မှ ပြုလုပ်ပေးမယ်ဆို ပိုသင့်တော်ပါတယ်...နောက်တစ်ခုက ဒီ Tools ( ၂ ) ကို နေ့စဉ်နေ့တိုင်းပြုလုပ်ပေးစရာမလိုပါ ၅ ရက် ၆ ရက်နေ တခါလောက် လုပ်ပေးရင် အဆင်ပြေပါပြီ... တကယ်လို့ Computer မှာ Software တွေ အသွင်းအထုတ်များပြီး Error တွေများနေတယ်ဆိုရင်တော့ ၅ ရက်လောက်ထိ စောင့်စရာမလိုပဲ အသုံးပြုလို့ရပါတယ်..။)
( ဘာကြောင့် ဒီ Tools ၂ ခုကို နေ့စဉ်လုပ်ပေးစရာမလိုရတာလဲ နေ့စဉ်လုပ်ပေးရင် ပိုမကောင်းဘူးလားလို့ စောဒက တက်စရာရှိပါတယ်...အားလုံး နားလည်အောင် ဥပမာနဲ့ ရှင်းပြပါမယ် ကျွန်တော်တို့ လူခန္ခာကိုယ်မှာ အညစ်ကြေးတွေ ကပ်နေလို့ သန့်ရှင်းသွားအောင် ရေချိုးပေးတယ် ဆပ်ပြာတွေနဲ့ ပွတ်တိုက်ဆေးကြောတယ် သန့်ရှင်းသွားပြီးဆိုရင် OK တယ် ရေချိုးတာ ရပ်တယ်။ များများရေချိုး ဆပ်ပြာတွေနဲ့ များများပွတ်တိုက်နေရင် ပိုသန့်ရှင်းတယ်ဆိုပြီး ဘယ်သူမှ တနေကုန်ရေမချိုးပါဘူး ချိုးတဲ့သူဟာလည်း တနေကုန် ဂျီးတွေပဲတိုက်နေတဲ့သူဟာလည်း အသားတွေပွန်းပဲ့ပြီး နေမကောင်းဖြစ်လာမှာပဲ အဲ့တော့ ကျွန်တော်တို့ အသင့်အတင့်ပဲ လုပ်ကြတယ်.. ထို့အတူ Computer Hardisk တွေလည်း အမြဲ Clean လုပ်နေတာ မကောင်းပါဘူး တန်ဆေး လွန်ဘေးဆိုတဲ့ အတိုင်း အတန်ပဲကောင်းပါတယ် လွန်ရင် မကောင်းတော့ပါဘူး ဒီလောက်ဆို အားလုံး သဘောပေါက် နားလည်လိမ့်မယ်လို့ ထင်ပါတယ်... ဟူးးးးးမောတာကွာ တစ်ကယ်တော့ Tool အသုံးပြုနည်းက အဲ့လောက်မရေးရဘူး နားမလည်မှာစိုးလို့ စိုးရိမ် စိတ်နဲ့ အရင် စဉ်းစားပြီး Note ထုတ်ရေး ဥပမာတွေပေး ဘယ်လိုရေးရင် နားလည် လွယ်ကူမလဲ တွေးရ စဉ်းစားရ နဲ့ ဟိုလိုလုပ်သင့် ဒီလိုလုပ်သင့်ရေးတာက ပိုများနေတယ်... စာရှည်သွားလို့ တောင်းပန်ပါတယ် ဖြစ်သလိုမရေးပဲ စေတနာနဲ့ရေးတာမို့ ရှည်သွားရတာပါ... ။

No comments