Header Ads

Seo Services

techpowerup cpu-z




၂။ နောက်ထပ် တောက်တိုမယ်ရ တစ်ခုလောက်ရေးမယ် အရင်ဟာရဲ့အဆက်ပေါ့။
Vram 1GB or 2GB ရှိရုံနဲ့ အလုပ်ဖြစ်ပြီ လို့ထင် စရာရှိတယ်။
ယေဘုယျ တော့မှန်သလိုရှိတယ်ဗျ
ကိုယ်သုံးတဲ့ Program, content နဲ့ software တွေပေါ်မူတည်ပြီး စဉ်းစားတာ က ပိုမှန်မယ် သာမှန် ရုံးသုံး စာရင်းဇယား ၊ မင်္ဂလာဆောင်ဖိတ်စာ လုပ်တဲ့သူတွေအတွက်တော့ dedicated graphic card မလိုဘူးဗျ igpu လောက်နဲ့အလုပ်ဖြစ်ပါတယ်
HD Video တွေ၊ Small games တွေ အတွက်တော့ dedicated graphic card 1GB လောက်တော့ လိုမယ်ဗျ
အဆင့်မြင့်ထဲကိုဝင်လာတဲ့
Video edit, design, modeling structure
High gaming တွေမှာတော့
Dedicated graphic card က မရှိမဖြစ်ကို လိုလာပြီဗျ
Graphic card ဆိုတာမှာတောင်
(အခုက memory အကြောင်းဆိုတော့ memory ကိုပဲ အဓိက ထားပြောမယ်နော်)
Memory အမြင့်ပိုင်းကိုသုံးရမှာဗျ
Vram မှာလဲ in stock က
GDDR3
GDDR5
GDDR5X
HBM ဆိုပြီး ဝယ်လို့ရနိုင်တယ်..
GDDR3 ကတော့ Memory ရဲ့ clock speed ကို ၂ဆ အလုပ်လုပ်တယ်ဗျ
Vram ရဲ့ clock speed 800MHz ဆို 1600MHz မှာအလုပ်လုပ်တယ်
ဖော်ပြရင်လဲ 1600MHz နဲ့ပြတယ်
GDDR5 ကတော့ ၄ဆဗျ
1750MHz ဆို 7000MHz ပေါ့
အဲဒါတွေကဘာတွေလဲဆိုတော့
သင့် Graphic memory က ၁ စက္ကန့် မှာ အချက်အလက် တွေ
လွဲပြောင်း/လက်ခံနိုင်တဲ့ အကြိမ်အရေအတွက်ပေါ့( data ပမာဏ မဟုတ်ဘူးနော်)
ဒီ Memory clock speed and type ကလဲ သတိထားပြီးဝယ်ရမယ် spec တစ်ခုပါပဲ
ဘာလိုလဲဆိုတော့ bus bandwidth ကိုတွက်တဲ့အထဲမှာ သူတို့ကလဲ အကြုံးဝင်တာကို..
Memory channel တစ်ခုဟာ ပုံမှန်အားဖြင့် bus width 64bit အကျယ်ရှိပါတယ်
Dual channel ဆိုရင် 128bit
ဒါကဘာလဲဆိုတော တစ်ကြိမ်မှာ Data transfer လုပ်နိုင်တဲ့ ပမာဏပါ။
တစ်ကြိမ်(1 Hz) မှာ single channel ဟာ character 64 ခု ( မတူခြားနားတဲ့ အချက်အလက် 64 ခု) လွဲပြောင်းနိုင်ပါတယ်။
Memory capacity အနေနဲ့ တွက်မယ်
8bit = 1 byte ဖြစ်လို့
64/8= 8 byte ပဲလွဲနိုင်တာပါ
နည်းတယ်လို့တော့ မထင်ပါနဲ့
Memory ရဲ့ clock freq အတိုင်းသွားတာမို
ပမာဏ က မနည်းပါဘူး
တွက်ပုံ တွက်နည်းကတော့
Memory bus bandwidth
Clock freq x (bus width /8) x memory type = bus bandwidth
Clock freq = vram clock speed
Memory type = if GDDR3 multiplier is 2 or if GDDR5 multiplier is 4
Memory clock speed 1350 MHz
Bus width 128 bit
2GDDR5
ရှိတဲ့ GTX 750ti ရဲ့ memory transfer rate
(Memory bus bandwidth)ကိုတွက်ကြည့်ရအောင်...
1350 x (128/8)x 4 = 86400
ဒီနေရာမှာတော့ bus bandwidthကို 1000 နဲ့ပဲစားပါတယ်။
ဒီတော့
GTX 750ti ရဲ့ memory bus bandwidth က
86.4 GBs(GB per sec) ပေါ့။
Bus bandwidth ပိုများတဲ့ ကဒ်က ပိုမြန်ပါတယ် ကျန်တာတွေတူရင်ပေါ့။
GDDR5 က GDDR3 ထက် 40% ပိုမြန်ပါတယ်။
128bit က 64bit ထက် 50% ပိုမြန်ပါတယ်။
ကျန်တာတွေ တူရင်ပေါ။
(မတူရင်တော့ ကွာခြားမှုက ကျဉ်းသွားမှာပါ။
ကျန်တာတွေ ဆိုတာက..
Number of Core
Core clock Speed
ROPs
TMU
Memory clock speed. တွေပါ။)
ကဒ်တစ်ခုနဲ့ တစ်ခုတွက်ရတာ တော်တော်ခက်တယ်ဗျ။
ယေဘုယျ သဘောဆောင်တယ်။
အဓိက ကတော့ အသုံးပြု program တွေပေါ်မှာ မူတည်သွားတယ်။
ပုံမှန်အားဖြင့်
GTX 970 4GD5 card ဟာ RX 480 8GD5 ထက်မြန်ပါတယ်။
ဒါပေမဲ့ 4K or UHD gaming မှာတော့ 970 ဟာ 480 ကိုမလိုက်နိုင်ခဲ့ပါဘူး။
4K gaming ရဲ့ memory လိုအပ်ချက်ကို 4GB သာရှိတဲ့ 970 မလိုက်နိုင်ပါဘူး။
ဒီတော့ ဘာသိလိုက်ရသလဲဆိုတော့
Memory မလောက်ငှရင် အခြားဘက်က performances ကိုဆွဲချခံရမယ်
FPS ကျမယ် game မှာပေါ့
Core အပိုင်းလေးက နောက်မှဆက်ရေးမယ်
ကဲဒါဆို ခဏလောက်ရပ်လိုက်မယ်
နောက်မှဆက်တာပေါ့
Graphic card ဝယ်ရင်တော့ memory အပိုင်းက သတိပြုစရာလေးတွေ့ သိကျပြီ ထင်တာပဲ..
အပိုင်း၃ ကလေးစောင့်ပေါ့ စိတ်ဝင်စားရင်

No comments