Header Ads

Seo Services

techpowerup cpu-z


၃။ နောက်ထပ် ဗဟုသုတ လေးတစ်ခုပေါ့
အရင်တင်းပြီးသား post ထဲက ဖြတ်ထုတ်လာတာ
Graphic card မှာ
1. Pixel processors
pixel တွေထုတ်ပေးတဲ့ unit ပါ သူက pixel တွေများများ ထုတ်ပေးလေ အရုပ်ပိုကျစ်လေပေါ့
(အတိအကျပြောရရင် pixel တစ်ခုခြင်းစီရဲ့ ရှိနေရမဲ့ အလင်းတန်ဖိုးကိုတွက်ပေးတာပါ)
2. Vertex processors
Object တွေရဲ့အနားသက်တွေကို သတ်မှတ်ပေးပါတယ် X,Y,Z coordinate spot လေးတွေပေါ့ သူက pixel ဖြည့်ရမဲ့ area ကို သတ်မှတ်ပေးပါတယ်
(Pixels တွေရဲ့ အလင်းတန်ဖိုးတွေ သတ်မှတ်တဲ့နေရာရောက်အောင် လုပ်ဆောင်တာပေါ့။)
3.Textures mapping unit (TMU)
pixel shader နဲ့ vertex shader ကရေးတဲ့ object တွေက အပေါ်ယံအလွှာ မပါဘူးဗျ အဲဒါကို TMU က textures mapping အုပ်ပေးပါတယ် ဥပမာ သစ်သားချောင်း ဆိုပါတော့ vertex shader က X,Y,Z coordinate ချလိုက်တာနဲ့ လေးထောင့်ပုံ ဟာလာဟင်းလင်း ဘလောက်တုံးရမယ် pixel shader က pixels တွေဖြည့်လိုက်မယ် အဲဒီအချိန်အထိ့ ဘလောက်တုံးက အဝါဆို အဝါ အညိုဆို အညို ဘလောက်တုံးပဲ TMU က အဲဒီအချိန်မှာ ဘလောက်ထဲက pixel တွေကို mapping လုပ်မှ pixels တွေက သူနေရာသူရောက်ပြီး သစ်သားရဲ့ အကွက် သစ်ကြောတွေပေါ်လာပြီး ဘလောက်တုံးက နေ သစ်သားချောင်းဖြစ်သွားတာပေါ့။
(အပေါ်က process ၂ခုကို sync လုပ်ပေးတဲ့ အပိုင်းတွေထဲကတစ်ခုပေါ့)
4.Render output units or Raster Operator units (ROPs)
အပေါ်က process တွေကို Graphic memory(Vram လို့ခေါ်ပါမယ်) ပေါ်မှာရေးတာပါ အဲဒါတွေကို memory စီကို ROPs ကိုဖြတ်ပြီးပို့ပါတယ် ဒီတော့ ROPs ဆိုတာ pixels shader, vertex shader and TMU တွေကို Vram စီကို ဆက်သွယ်ပေးတဲ့ bridge ပေါ့
5.Graphic memory
System ram နဲ့ အတူတူပဲ ၊ CPU က ပို့တဲ့ instructions, data တွေကို GPU စီကိုကို ပို့ပေးပါတယ်
ဒီလိုပါပဲ gpu စီက render,calculate လုပ်ပြီးသား instructions, data တွေကို cpu စီပြန်ပို့ပါတယ်
on board(Soc) ဖြစ်ပြီး ။ အဆင့်မြင် Gpu တွေက
ရရှိလာတဲ့ results ကို Cpu အတူတူပူးတွဲအလုပ်လုပ်နိုင်ပါတယ်(GPGPU mode)
Capacity ကို byte(B) နဲပြပြီး။ မြန်နှုန်း ကိုတော့ Hertz(Hz) နဲ့ပြပါတယ် Data စီးဆင်းမှု
လမ်းအကျယ်ကိုတော့bus(64bit,128bit)နဲ့ဖော်ပြပြီး ပမာဏကိုတော့ GB/sec(GBs)နဲ့သတ်မှတ်ပါတယ်
Generation GDDR,GDDR2,GDDR3,GDDR5,GDDR5X မျိုးကွဲတွေရှိပြီး graphic work ဖြစ်တဲ့အတွက် GDDR လို့ဖော်ပြပါတယ် system ram DDR နဲ့မရောအောင်လို့ပါ
6.Peripheral Components Interconnection Express (PCIe)
အခုနက အချက်အလက် တွေကို memory မှတဆင့် PCIe bus ကိုအသုံးပြုပြီး motherboard ကိုဖြတ်ပြီးပို့ပါတယ် အဲဒီတော့ PCIe မြန်လေကောင်ေးလ ပေါ့ မြန်နှုန်းတွေကတော့
PCIe 1,1.1,2,3 speed x1,x4,x8,x16
Version မြင့်ပြီး multipliers များလေကောင်းလေပဲ
ဒါပေမဲ့ မြန်လေ power ပိုစားလေပဲ
PCIe slot က power 130watt အထိ့ ထုတ်ပေးနိုင်တာကိုတော့သိရပါ
Application Programs Interfaces (API)
မတူညီတဲ့ hardwares, softwares platform တွေကို ချိန်ဆက်ရာမှာသုံးပါတယ် အကြုံးဝင်တာတွေကတော့
Direct X,Open GL တွေ ပါပဲ
သူလဲအရေးပါတာပဲ သူသာမရှိရင် program တစ်ခုစီအတွက်ကဒ် တစ်မျိုးစီထုတ်ပေးနေရမှာပေါ့
ဥပမာ video playback အတွက် တစ်မျိုး game ဆော့ဖို့ကတစ်မျိုးထုပ်နေရမှာပေါ့
အခုအချိန်မှာ Direct X က 12 အထိရနေပြီး
DX မြင့်မားမှု ပိုမိုကောင်မွန်တဲ့ detail ကိုရနိုင်ပါတယ်( Win 7 က DX 11.1 အထိသာ support ရပြီး Win 10 ကတော့ DX 12 support ရပါတယ်)
ကဲ အနှစ်ချုပ်မယ်ဗျာ
နည်းပညာတိုးတက်လာတော့ pixels processor နဲ့ vertex processor ကိုပေါင်းပြီး unified processor လို့ပြောင်းလာတယ်ဗျ အဲကို အခုလက်ရှိမှာ Nvidia က Cuda core လို့ခေါ်ပြီး
ATI ကတော့ steam processors တဲ့
Pixies processors /shader တွေက ထုတ်ပေးတဲ့ pixels တွေ ROPs ကိုဖြတ်ပြီးသွားတဲ ပမာဏ ကို fill rate လို့ခေါ်ပြီး pixels ဆိုတော့ 1GPixel/s ပြပါတယ်
TMU ကလိုက်ပြီး mapping လုပ်တဲ့ ပမာဏ ကိုတော့ Textures fill rate ပေါ့
Vram ရဲ့မြန်နှုန်းကိုတော့ MHz နဲ့ပြပြီး စီးဆင်းနိုင်တဲ့ပမာဏကိုတော့ GBs လေးနဲ့ ပြေတာပေါ့
ကဲ အလုပ်လုပ်ပုံလေးကတော့ ဒီလောက်ပါပဲ
Graphic card တစ်ခုဟာ
သူလုပ်ဆောင်နိုင်တဲ့ performances ထက် ပိုပြီး တောင်ဆိုလာတဲ့ program တွေမှာ လုပ်ဆောင်ချက် ကျလာတတ်ပါတယ်
Game တွေမှာဆို Tearing, lagging တွေဖြစ်လာမှာပါ။
အသံကနောက်ကျနေတာတွေ
အရုပ်ဖော်တာနောက်ကျတာတွေ
အရုပ်ပုံပျက်တာတွေ
(Vram မနိုင်ရင်လဲ ဖြစ်နိုင်ပါတယ်၊ cpu မနိုင်ရင်လဲဖြစ်တတ်ပါတယ်)
ဒီတော့က
သင့် Graphic card က Core,TMU,ROPs တွေများဖို့လိုတာပေါ့ ဒါလဲ သိထားရမဲ့ တစ်ခုပေါ့။
ဆက်ပါဦးမည်......

No comments